
Myanmar Marketing Research and Development (MMRD)
မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း
၂၀၁၁ ခုနှစ်အတွက် အသစ်ထွက်ရှိလာတဲ့ ကျန်းမာရေးထုတ်ကုန်ပစ္စည်းများလမ်းညွှန် ၂၀၁၁ (HEALTH PROCUCTS DIRECTORY 2011)ပါ။ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ သတင်းအချက် အလက်တွေ ပါဝင်ပါတယ်။ မြန်မာ နိုင်ငံဆေးနှင့် ဆေးဝါး ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း အတွက် MMRD www.myanmartradepublication.com က ပုံနှိပ်ထုတ်ဝေထား တာဖြစ်တယ်လို့ဆိုတယ်။ ဒီစာအုပ်မှာ အစိုးရဆေးရုံနဲ့ပုဂ္ဂိုလိကဆေးရုံ ဆေးခန်းတွေရဲ့ လိပ်စာတွေ၊ ဆေးဆိုင်တွေ၊ တိုင်းရင်းဆေးလုပ်ငန်းတွေ၊ တိရိစ္ဆာန်ဆေးကုခန်းတွေရဲ့ လိပ်စာတွေ၊ ဆေးရုံသုံး၊ ဓာတ်ခွဲ ခန်းသုံး၊ ဆေးခန်း သုံးပစ္စည်း ကိရိယာရောင်းချပေးတဲ့ လုပ်ငန်းလိပ်စာတွေ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ခပ်စုံစုံ ဖော်ပြပေးထားပါတယ်။
ဒါ့အပြင် မျက်စိ၊ နား၊ နှားခေါင်း၊ လည်ချောင်း၊ လျှာ၊ သွားနဲ့ ခန္ဓာကိုယ်အစိပ်အပိုင်း အသီးသီးအတွက် အထူးကု ဆေးခန်းတွေရဲ့ လိပ်စာတွေကိုပါဖော်ပြပေးထားလို့ မိသားစုတိုင်းအတွက်လည်း အသုံး တည့်နိုင်မယ့် လမ်းညွှန်စာအုပ် တစ်အုပ်ပါ။ စာအုပ်ရဲ့ ရှေးဆုံးမှာတော့ ဒီစာအုပ်ထုတ်ဝေတဲ့အသင်း၊ ဆပ်ကော်မတီတွေခွဲထားပုံနဲ့ ဆပ်ကော်မတီတွေ ရဲ့ နာမည် စာရင်းတွေကိုပါ ဖော်ပြပေးထားတာ တွေ့ရပါတယ်။
We have 186 guests and no members online