မင်္ဂလာပါခင်ဗျာ !   “ စာပေဥယျာဉ် ” မှ ကြိုဆိုပါတယ်။

မန်မာ eBook များကို Online ပေါ်တွင်အလွယ်တကူဖတ်နိုင်ရန်

အတွက် Issuu ကို အသုံးပြု၍ တင်ပြထားပါသည်။

ကျေးဇူးတင်စွာဖြင့် “ စာပေဥယျာဉ် ” .........

လေနှင့်အတူ

 UHla
ရေးသူအမည်- လူထုဦးလှ
စာမူခွင့်ပြု
ချက် - ၃၁၀၀၈၄၀၅၁၁
တန်ဖိုး - ၂၅၀၀ ကျပ်၊
ဖြန့်ချိရေး - ကြီးပွားရေးစာအုပ်တိုက်

 

 


လူထုဦးလှရေးသားသော “လေနှင့်အတူ” ၀တ္ထုမှာ တတိယ အကြိမ်ပြန်လည်ထုတ်ဝေးခြင်းဖြစ်ပါသည်။

အင်းစိန်ထောင်အတွင်း ဆုံတွေ့ခွဲသော မောင်ညို အမည်ရှိ လူငယ်တစ်ဦး၏ ဘ၀ အကြောင်း အားရေး သားခြင်းဖြစ်ပြီး လူထုဦးလှက “ အခြေအနေအရပ်ရပ်၊ အကြောင်း အမျိုးမျိုးကြောင့် ထောင်တွင်းသို့ ကျရောက်နေ သူများ၏ လွတ်မြောက်ရေးနှင့် ဘ၀သစ်ကိုရည်စူးလျက်” ဟု ဤ၀တ္ထုရေးသားရခြင်းကို တင်ပြထားသည်။

အင်းစိန်ထောင်ကြီးသို့ မကြာခဏပြန်ရောက်လာ တတ်သော လူငယ်တစ်ဦး၏ ဘ၀ဇာတ်လမ်းကို တင်ပြထားရာတွင် လူထုဦးလှက မောင်ညိုတစ်ယောက်တည်း၏ ဘ၀ခရီးလမ်းစဉ်သည် စင်စစ်အားဖြင့် ကျွန်တော်တို့ အမျိုးသားလူများစုကြီး၏ သုခ၊ ဒုက္ခ၊ ဘ၀ခံစားမှုများဖြင့် ကပ်လျက်ရှိ၏။ တိုင်းပြည်၏ သမိုင်းနှင့်လည်း ကပ်လျက်ရှိ၏။

မောင်ညိုကဲ့သို့သော လူငယ် လူရွယ်ပေါင်းများစွာ တို့၏ ပြဿနာသည် မသေး၊ လူမျိုး၏ အရေးအကြီး ဆုံးသောပြဿနာတစ်ရပ်ဖြစ်ပေရာ အစိုးရရော၊ ပြည်သူများပါ ယခုထက်ပိုမိုစိတ်ဝင်စားပြီးလျှင် လူငယ် ကာကွယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက်လုပ်ဆောင်သင့်ကြပေပြီ” ဟုဝတ္ထုအဆုံး၌ တင်ပြထားပါသည်။

 

 

We have 186 guests and no members online