မင်္ဂလာပါခင်ဗျာ !   “ စာပေဥယျာဉ် ” မှ ကြိုဆိုပါတယ်။

မန်မာ eBook များကို Online ပေါ်တွင်အလွယ်တကူဖတ်နိုင်ရန်

အတွက် Issuu ကို အသုံးပြု၍ တင်ပြထားပါသည်။

ကျေးဇူးတင်စွာဖြင့် “ စာပေဥယျာဉ် ” .........

တိုးထားမှတက်မယ်

toehtar-hma-tatmae

ရေးသားသူ - သျှင်ဝိစာရ (ပေကြီး)
တန်ဖိုး - ၁၂၀၀ ကျပ်
ထုတ်ဝေတိုက် - ရွှေပေစာစဉ် (စာစဉ်(၃))





ဒီစာအုပ်ကို ရွှေပေစာစဉ်ကနေ စာစဉ်(၃)အနေနဲ့ထုတ်ဝေပါတယ်။ ရှေ့မှာ ထုတ်ဝေခဲ့တာက “ဗုဒ္ဓဘာသာဝင် တို့၏ အခြေခံပန်းတိုင်”၊ “မှောင်မိုက်ခြင်းရဲ့ လင်းရောင်စဉ် အောင်မြင်မှုစကားများ” စာအုပ်ပါ။

“ယနေ့ခေတ် တိုးတက်ချမ်းသာအောင် မြင်ကြီးပွားနေသော နယ်ပယ်အသီးသီးရှိ ပုဂ္ဂိုလ်များသည် မူလ ဦး နှောက်တွင်တိုး၍ ထည့်လာခဲ့သော ဗျူဟာများကြောင့် ယူစရာများပြည့်နေကာ အမြင့်မှာ အောင်လံထူ၍ တက်နေ နိုင်ကြခြင်း သာဖြစ်၏။ ….တက်ချင် ရင်တော့ တိုးဖို့လို၏။ တိုးတက်ဖို့ကိုရည်ရွယ်၍ တိုးထားမှတ်တက်မယ်” အမည်ဖြင့် ရေးသားထားသည့်ယခုစာအုပ်သည် စီးပွားရေးတစ်ခုတည်းကို တိုး တက်စေလိုခြင်းမဟုတ် ဘာသာရေးမှအစ စည်းကမ်းအထိစနစ်တကျ တိုးတက်ဖို့ ညွှန်းဆိုခြင်းဖြစ်၏ဟု သျှင်ဝိစာရက ဆိုထားသည်။

“အကောင်းနှင့်မတန်သူများ၊ ဘ၀လမ်းညွှန်၊ ဖတ်စေ၊ မြတ်စေ ရိုသေတတ်စေ၊ ဥပုသ်နေ့နဲ့ဂီတသံ၊ စိတ်၏စေရာ၊ တောတန်းထဲမှာ သာသနာ၊ အကျိုးစီးပွား တိုးတက်ကြောင်း ခြောက်ပါး၊ ဂုဏ်၏နောက် မှာ…” စတဲ့ ဆောင်းပါး တွေ ပါဝင်ပါတယ်။

ဆောင်းပါးတစ်ပုဒ်ဆုံးတိုင်း အနှစ်ချုပ်ကဗျာတိုလေးတွေကို ထည့်သွင်းထားပါတယ်။ စည်းကမ်းနဲ့ ပတ် သက် တာတွေကို ဆင်ခြင်သုံးသပ်ပြုမူနေထိုင်တတ်ဖို့အတွက်“ အကောင်းနှင်မတန်ကြသူများ”ကို ဖတ်စေချင်ပါတယ်။ “အကောင်းနှင့်တန်ချင်တယ်ဆိုရင် ကိုယ်စားပြီးသားပန်းကန်ထဲမှာ ကြွင်းကျန်နေတဲ့ ထမင်းတစ်လုံးရဲ့ တန်ဖိုးကအစ သိပါ။ ထမင်းတစ်လုံး ဖြစ်ဖို့ဆိုတာ ဘယ်လိုအခြေခံက စခဲ့ရတယ်ထင်လဲ။ စည်းကမ်းရှိရင် တန်ဖိုးသိတယ်၊ တန်ဖိုးမ သိ စည်းကမ်းမရှိဘူး။ တန်ဖိုးမရှိရင် အကောင်းနဲ့မတန်ဘူး။ အကောင်းနဲ့ တန်ချင်ရင်….”လို့ ဆိုထားပါတယ်။

ဥပုသ်နေ့နဲ့ ဂီတသံ “ ဆောင်းပါးမှာတော့ မန္တလေးက ဥပုသ်နေ့တွေကို အဓိကထားပြီး ရေးသားပေမယ့် မြို့၊ တိုင်း၊ ရွာတိုင်း၊ နေရာတိုင်းက ဥပုသ်နေ့တွေ အကျုံးဝင်ပါတယ်။ ဥပုသ်နေ့မှာ ဓမ္မာရုံတွေကနေ ဘာသာရေးနိုးဆော်တဲ့ သီချင်းတွေ(တချို့) ဘာသာရေးနဲ့မဆိုင်တဲ့သီချင်းတွေ ကျယ်ကျယ်လောင်လောင်ဖွင့်ပြီး ဥပုသ်နေ့ကိုနှိုးဆော်ပုံတွေ ဟာ လိုတာထက်ပိုနေပုံရတဲ့အကြောင်း တင်ပြထားပါတယ်။ ဒီဆောင်းပါးမှာ ဥပုသ်နေ့ရောက်တိုင်း ဘာသာရေးသီ ချင်းတွေ၊ တခြားသီချင်းတွေ ဆူဆူညံညံဖွင့်ကြတာကို စောင်းပေးရေးပြထားတာကောင်းပါတယ်။ ဒါပေမယ့် ဥပုသ်နေ့ မှာသီလယူပြီး သီချင်းနားထောင်တာ၊ TV ကြည့်တာ၊ ဇာတ်လမ်းကြည့်ကြတာတွေနဲ့ ပတ်သက်လို့ အထူးပြောပြဖို့လို သွားတာကို တွေ့ရပါတယ်။ ဒါမျိုးလေးတွေကို ဆောင်ရန် ရှောင်ရန်နှင့်တကွ ရေးပြရင်း ဥပုသ်နေ့နှင့် ဂီတသံ ” ဟာ ပိုပြီးအားပါလေးနက်မှာပါ။

 စာအုပ်မှာ အထူးညွှန်ချင်တာက “ဂုဏ်၏နောက်ကွယ်မှာ” ဆိုတဲ့ ဆောင်းပါးပါ။ ရဟန်းလောကရဲ့ ပတ်သက် တဲ့အကြောင်းအရာတွေပေမယ့် လူပုဂ္ဂိုလ်များလည်း အကျုံးဝင်ပါတယ်။ ဒီဆောင်းပါကို ရေးတဲ့အခါမှာလည်း စာရေသူ ကအောက်ပါအတိုင်း အခုလို ၀န်ခံစကားဆိုထားပါတယ်။ “ဤစာမူသည် မည်သူတစ်ဦးတစ်ယောက်မိုမျှ မဖြစ်စေလို သော ဆန္ဒတစ်ခုတည်းဖြင့်သာ သတိပေးရေးသားထားပါတယ်” လို့ ၀န်ခံစကားဆိုထားပါတယ်။ “တော်ခြင်းသည်လူ ရုံအတွက်သာမဖြစ်စေရ။ မိမိ အတွက် အသုံးချစေရန်လည်းဖြစ်ရမည်” ဆိုတဲ့ ဆရာတော်တစ်ပါးရဲ့ စကားလေးကိုအ ခြေခံပြီး ရေးထားတာပါ။

“ဘွဲ့တွေ သုံးလေးဘွဲ့ရနေပြီး တော်လိုက်တာလို့ ပြောနေကြပေမယ့် အဲဒီလူဟာ ရထားတဲ့ဘွဲ့နဲ့ညီတဲ့ အလုပ်၊ စိတ်ထား၊ အသိပညာမှ မရှိရင် အသုံးမကျ လူ့ဗလာပါပဲ….. ဘွဲ့တွေ ဘယ်လောက်ရရ ကိုယ့်ကိုယ်ကိုယ် ပညာတတ် ကြီးထင်ပြီး မာနတက်နေလို မရပါဘူး။ လောကထဲမှာ ကိုယ်မသိသေးတဲ့အကြောင်းအရာအတွေ အများကြီးပါ။ လမ်း ဘေးကလူတွေတတ်ထားတဲ့ အတတ်ပညာကို ကိုယ်မတတ်သလို ကိုယ့်အတတ်ပညာတွေကိုလည်း သူတို့မတတ်တာ မဆန်းပါဘူး။ ဒါကြောင့် ဘွဲ့ရတိုင်း တော်တယ်လို့ မပြောထိုက်၊ ဘွဲ့ရပြီး လုပ်ဆောင်တဲ့လုပ်ငန်းထားတဲ့စိတ်ဓာတ်တို့ ကိုကြည့်ပြီး တကယ်တော်မှ တော်တယ်လို့ ပြောလို့ရမှာ ” စတဲ့ စာသားမျိုးတွေကို တွေ့ရမှာပါ။

သျှင်ဝိစာရ(ပေကြီး)ရေးသားတဲ့ “တိုးထားမှတက်မယ်” စာအုပ်လေးဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ အား နည်းချက်အနည်းငယ် ရှိကောင်းရှိနိုင်ပေမယ့် သျှင်ဝိစာရရဲ့ စေတနာတွေကိုတော့ ဒီစာအုပ်လေးမှာ တွေ့ရပါတယ်။ စာအုပ်တန်ဖိုးက ၁၂၀၀ ကျပ်ဆိုပေမယ့် ဒီစာအုပ်ရဲ့ အနှစ်သာရ က ငွေကြေးတန်ဖိုးထက် ပိုကြီးပါတယ်။

 

Vinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo Slider

We have 186 guests and no members online