
ရေးသူအမည်- ၀င်းတင်(ဘာသာပြန်)
စာမူခွင့်ပြုချက် - ၅၀၀၉၃၁၀၈၁၁
တန်ဖိုး - ၁၈၀၀ကျပ်
ဖြန့်ချိရေး - နေရီရီစာအုပ်တိုက်
Hohn Hersey ရေးသားသော Hiroshima ကို သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က “လူ့ငရဲ” အမည်ဖြင့် ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး (၆၆)နှစ်မြောက် ဟီရိုးရှီးမားနေ့ အထိမ်းအမှတ် အနေဖြင့် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခြင်းဖြစ်သည်။
၁၉၄၅ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့တွင် ဂျပန်နိုင်ငံ ဟီရိုးရှီးမားမြို့ပေါ်သို့ အမေရိကန်က အဏုမြူဗုံး တစ်လုံးကြဲချခဲ့ခြင်းကြောင့် လူသိန်းပေါင်းများစွာ သေဆုံးခဲ့ရသည်။ ဟီရိုးရှီးမား နှင့် သုံးရက်ခြားနားပြီး နာဂါစကီမြို့ပေါ်သို့လည်း နောက်ထပ်တစ်လုံး ကြဲချခဲ့ခြင်းကြောင့် လူ့သမိုင်း အဆိုး ရွားဆုံးဘးဒုက္ခကြီး ဖြစ်ပေါ် ခဲ့ရသည်။ ဘာသာပြန်ဆိုခဲ့သူ ဟံသာဝတီ ဦးဝင်းတင်က “နိုင်ငံ ကြီးတွေနောင်တရပြီး အဏုမြူလက်နက် ထုတ်လုပ်တာကို စွန့်လွှတ်ခြင်းမဟုတ် တာတောင်လျှော့ချတဲ့ အဆင့်ကို ရောက်နေပေမယ့် တချိုသော နိုင်ငံငယ်လေးတွေ ကတော့ နောင်တမရ၊ သံဝေဂ မရကြဘဲ လိုက်လုပ်နေကြတာ တော်တော်များပါတယ်။ ဒီနိုင်ငံငယ်လေးတွေဟာ ဆိုဗီယက်ပြည်ထောင်စုတို့ အဏုမြူဗုံး အပြိုင်အဆိုင်ထုတ်ရင်းငွေကြေး ဒုက္ခကြုံလာရသလို ကြုံလာနိုင်တဲ့ အလားအလာ ရှိတယ်လို့တစ်ချိန်မှာ အသေအချာသိလာရပါလိမ့်မယ်” ဟု ဒုတိယအကြိမ်ထုတ်ဝေခြင်း အမှာတွင် ဆိုထားပါသည်။
We have 186 guests and no members online