မင်္ဂလာပါခင်ဗျာ !   “ စာပေဥယျာဉ် ” မှ ကြိုဆိုပါတယ်။

မန်မာ eBook များကို Online ပေါ်တွင်အလွယ်တကူဖတ်နိုင်ရန်

အတွက် Issuu ကို အသုံးပြု၍ တင်ပြထားပါသည်။

ကျေးဇူးတင်စွာဖြင့် “ စာပေဥယျာဉ် ” .........

ဆီးချို၊ ကင်ဆာ၊ အသည်းရောဂါများနှင့် အသက်ကယ်သောဆေးပင်များ

baOakeKhaing

ရေးသားသူ - ဗအုပ်ခိုင်
တန်ဖိုး - ၁၀၀၀ ကျပ်
ဖြန့်ချိရေး - Gold Fingers စာပေ၊







ဒီစာအုပ်ကို ပြုစုရေးသား သူဟာ သြဠာရိက သုခုမဆေးပညာ၊ တရုတ်ရိုးရာ တိုင်းရင်းဆေးပညာ၊ နဒီဆေး ပညာတွကို ၀ါသနာအရ လေ့လာ ဆည်းပူးခဲ့ဖူးသူဖြစ်တဲ့ အကြောင်းတွေကို စာရေးသူရဲ့ ကိုယ်ရေးအကျဉ်းကို ဖတ်ရှုချက်အရ သိရပါတယ်။

ဒီစာအုပ်မှာ ဖော်ပြရေးသားထားတဲ့ ဆေးနည်း၊ ဆေးပင်တွေဟာ ဘေးထွက် ဆိုးကျိုးမရှိတဲ့ အစွမ်းထက် သဘာဝ ဆေးပင် ဆေးနည်းတွေဖြစ်တယ်လို့လည်း စာရေးသူရဲ့ အမှာမှာ ထည့်သွင်းရေးသား ထားတာတွေ တွေ့ ရမှာပါ။ ဒါ့အပြင် စာရေးသူရဲ့ အမှာမှာမြန်မာတိုင်းရင်းဆေးတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆို ချက်တွေရဲ့ အားနည်းချက်၊ အားသာချက်တွေ၊ ဆေးနည်း၊ ဆေးမြီးတို၊ မြစ်ချင်းပြီး ဆေးဆို တာတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ ခြားနားပုံ အကြောင်း တွေ ဖော်ပြထားတဲ့ အပြင် ဒီစာအုပ်ထဲ ကဆေးနည်းတွေဟာ ဖြစ်ချင်းပြီး ဆေးတွေ ဖြစ်တဲ့ အကြောင်း ကိုလည်း ဖော်ပြ ထားတယ်။

ဒီမြန်မာ ဆေးနည်းတွေနဲ့သက်သာ ပျောက်ကင်း နေသူတွေနဲ့ မေးမြန်းထား ချက်တွေ၊ ဆေးနည်းတွေကို လည်း သက်သာပျောက်ကင်းသူတချို့ကို ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။ ဘယ်လို အကြောင်း အရာမျိုးမဆို ယုံ ကြည်သူ၊ မယုံကြည်သူ လက်သင့်ခံသူ၊ လက်သင့်မခံသူ၊ ကြိုက်သူ မကြိုက်သူ ရှိတတ်ကြ သလို ဆေးနည်းတွေ၊ ဆေး ကုသပုံတွေမှာလည်း ထိုနည်းလည်းကောင်း ပဲဖြစ်ကြမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အသိဉာဏ်နဲ့ ချင့်ချိန်တတ်ကြသူချည်းမို့ အပန်းလည်းမကြီးလို့ ဒီတိုင်းရင်းဆေးနည်းတွေကို စမ်းကြည့် ချင်တယ်ဆိုသူတွေ၊ မြန်မာ့တိုင်းရင်းဆေးကို ယုံကြည် တယ်၊ ယုံကြည်ပြီးသား ဆိုသူတွေ ဒီစာအုပ်ကို လေ့လာဖတ်ရှုကြည့်ရမှာပါ။ အဆုတ်ပွချောင်း ဆိုးရောဂါနှင့် တော နေကြာ၊ အသည်း ကင်ဆာနှင့် လဲလူ၊ ရှားစောင်းလက်ပပ်နှင့် မျက်စိနာ၊ ကြွက်နို့ရောဂါနှင့် အစွမ်းထက်ချက်ဆေး၊ တုတ် ကွေးရောဂါအတွက် ကြက်ဟင်းခါးရွက်၊ လျှာကွဲနာ၊ ပါးစပ်နာရောဂါများအတွက် အကောင်း ဆုံးဆေးတစ်လက်၊ သွေးတိုးရောဂါနှင့် ကိုက်လန်ဓာတ်စာ စတဲ့အကြောင်း အရာပေါင်း ၃၀ ခန့် ပါဝင် ပါတယ်။

Vinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo Slider

We have 186 guests and no members online