
ရေးသားသူ - အောင်နိုင်မော်
တန်ဖိုး -၄၀၀၀ ကျပ်
ထုတ်ဝေတိုက် - မျက်ပွင့်စာပေ
နည်းပညာရပ်ဆိုင်ရာ စာအုပ်တစ်အုပ်ပါ။ ရုပ်/သံ တည်းဖြတ်တဲ့ နည်းပညာဆိုင်ရာ ကိစ္စတွေကို လွယ်လွယ်ကူ ကူ ရိုးရိုးရှင်းရှင်းနဲ့ လေ့လာနိုင်အောင်တင်ပြထားတာပါ။ ဒီစာအုပ်ကို Photoshop ကမ္ဘာသို့ လျှိဝှက်ချက်များ၊ Photoshop Effect ဒီဇိုင်းရေးဆွဲနည်းစတဲ့ နည်းပညာ စာအုပ်တွေကို ပြုစုထုတ်ဝေဖူးတဲ့ အောင်နိုင်မော်က တင်ဆက် ရေးသားထား တာပါ။
အလှူတွေ၊ မင်္ဂလာဆောင်တွေ၊ မွေးနေ့ပွဲတွေ စတဲ့ အခမ်းအနားတွေက အမှတ်တရ ပုံရိပ်တွေ၊ မှတ်တမ်းဗီဒီ ယိုတွေအတွက် အထူးပြုလုပ်ချက် Special Effect တွေကို လှလှပပအသုံးချနည်းတွေပါဝင်ပါတယ်လို့ ဒီစာအုပ်ရဲ့ရှေး ဖုံးရော၊ ကျောဖုံးမှာပါဖော်ပြထားပါတယ်။ ပုံတွေနဲ့တကွ အသေးစိတ်ရှင်းပြထားတာမို့ ကွန်ပျူတာကို ဖွင့်ပြီး အနီးကပ် သင်ကြားသလို ခံစားရပါလိမ့်မယ်။ Power Director Editing Program ကို ဖွင့်လှစ်ခြင်း၊ Editing Program Work Area ကိုလေ့လာခြင်း၊ Effect Room မှ ရင်ခုန်လှုပ်ရှားဖွယ် Effect 72 မျိုး၊ Text Effect များနဲ့ လှပစွာပုံဖော်ခြင်း၊ VCD File အဖြစ်သိမ်းဆည်းခြင်း၊ ပုံရိပ်နှစ်ထပ် Animations၊ Text Animations စာတန်းဝင်/ထွက် ဖန်တီးခြင်းများစ တဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာခေါင်းစဉ်ပေါင်း ၄၀ နီးပါး ပါဝင်ပါတယ်။
နည်းပညာဆိုင်ရာ ကိုစ္စရပ်တွေကို ၀ါသနာပါပြီး Self Study အားသန်သူတွေ အတွက် အသုံးတည့်မယ့်အပြင် ကိုယ်တိုင်ဆန်းသစ် ကွန့်မြူလက်တည့် စမ်းကြည့်ချင်တယ်ဆိုသူတွေ အတွက်လည်း ကိုယ်အားသန်ရာ အပိုင်းကိုဆွဲ ထုတ် လေ့လာရနိုင်ပါလိမ့်မယ်။
We have 186 guests and no members online