မင်္ဂလာပါခင်ဗျာ !   “ စာပေဥယျာဉ် ” မှ ကြိုဆိုပါတယ်။

မန်မာ eBook များကို Online ပေါ်တွင်အလွယ်တကူဖတ်နိုင်ရန်

အတွက် Issuu ကို အသုံးပြု၍ တင်ပြထားပါသည်။

ကျေးဇူးတင်စွာဖြင့် “ စာပေဥယျာဉ် ” .........

မြန်မာ့ရိုးရာစကားထာများ

myanmar-sakahtar

ရေးသားသူ - ကြည်ဦး
တန်ဖိုး - ၃၅၀၀ ကျပ်
ဖြန့်ချိရေး - မဇ္ဈိစာပေ၊





အရင်က စကားထာဖွက်တယ်ဆိုတာ မြန်မာ လူမျိုးတွေအကြား မြန်မာလူငယ်တွေ အကြား သက်ကြီးနဲ့ သက်ငယ်အကြား အလေ့ အထ အသွင်ဆောင် ခဲ့တာပါ။

“ရှေးခေတ်ရှေး အခါက ရွှေနန်းတော် ထဲတွင်လည်း ရွှေနန်းတော် အလျှောက်၊ ကျေးလက်တောရွာ များတွင် လည်း ကျေးလက်တောရွာအလျှောက်၊ လုလင်ပျို၊ လုံမပျိုတွေဟာ မြန်မာ စကားထာဝှက်ဆိုတဲ့ အလေ့ အထကို စွဲစွဲမြဲမြဲ လုပ်ခဲ့ကြတယ်” ဆိုတဲ့အကြောင်းကိုလည်း စာအုပ် ရဲ့ နောက်ကျောဖုံးမှာ ဖော်ပြထား ပါသေးတယ်။ အဲဒါကြောင့် ဒီလို မြန်မာ့ရိုးရာစကားထာတွေကို ကြားဖူး နားဝရှိသူတွေ၊ ခြေခြေ မြစ်မြစ် သိရှိထားလိုတယ် ဆိုသူတွေအတွက် အသုံးတည့်မယ့် စာအုပ်လေး တစ်အုပ်ကို ညွှန်ပေးချင်ပါတယ်။ အဲဒီစာအုပ်လေး ကတော့မဇ္ဈိ စာပေကထုတ်ဝေတဲ့ ကြည်ဦးရဲ့မြန်မာ့ ရိုးရာစကားထာများဆိုတဲ့ စာအုပ်ပါပဲ။ ပဉ္စမအကြိမ်အဖြစ် ထပ်မံ ပုံနှိပ်ထုတ်ဝေလိုက်တာဖြစ်ပြီး ဈေးနှုန်းက ၃၅၀၀ ကျပ် သတ်မှတ်ထားပါတယ်။

ရှးမြန်မာတွေရဲ့ ရိုးရာပျော်ရွှင်မှုဓလေ့ထုံးစံတစ်ရပ်ကို နှောင်းလူတွေသိရှိနိုင်ဖို့၊ ဒီစကားထာဆိုတဲ့ ဓလေ့ထုံစံ နဲ့ အပျင်းလည်းပြေ၊ ပညာလည်းရ၊ ဉာဏ်လည်းရွှင်အောင် စုပေါင်းဆွေးနွေးကစားကြစေဖို့ အမျိုးသား ယဉ်ကျေးမှုကို မြတ်နိုး ခင်မင်စေတဲ့ စိတ်တွေကို တိုးတက်ဖွံ့ဖြိုးလာစေဖို့ ဒီစကားထာစုတွေ ကိုပြန်ပြီး စုဆောင်းဖော်ထုတ်ရတာ ဖြစ်ပါတယ်လို့ စာရေသူက အမှာမှာဆိုထားပါတယ်။

စကားထာ၊ စကားလိမ်၊ စကားဝှက်၊ သင်္ချာစကားထာ၊ ပုစ္ဆာစကားထာ၊ ပုံပြင်စကားထာ စတဲ့ စကားထာ ခြောက်မျိုးကို အပိုင်းလိုက် ရှင်းလင်းခွဲခြားတင်ပြထားတဲ့အပြင် အဖြေတွေကိုလည်း သီးခြားဖော်ပြထား ပါတယ်။ စာအုပ်ရဲ့နောက်ဆုံးမှာ ဖော်ပြထားတဲ့ မှီငြမ်းကိုးကားတဲ့ ကျမ်းတွေ စာအုပ်တွေရဲ့ စာရင်းရယ်၊ ကူညီညွှန်ုကြားပေးသူ တွေရဲ့အမည်စာရင်းကိုကြည့်ရုံနဲ့တင် စာရေုးသူရဲ့ အားထုတ်မှုကို သိနိုင်မှာပါ။ “မင်းကံစီ၏ စကားထာများ၊ သစ်စိမ့် ဆရာတော်စကားလိမ်များ၊ တစ်ဆယ့်ခြောက်ချက်စကားဝှက်၊ အဝေရခက်သောဆီ၊ ခိုခွဲဝမ်းဘဲငါးကျပ်စာတစ်မက်၊ တစ်နှစ်သုံးလေး အဖြေပေး၊ ၀ါးတစ်ရာ“မ”ကိုးခေါက်၊ ဖူးစာရှင်မည်သူနည်း” စတဲ့အကြောင်းအရာပေါင်း ၅၀ လောက် ပါဝင်ပါတယ်။

ဒီစာအုပ်အမှာဖော်ပြထားတဲ့ “…အကယ်၍မရှင်းသော စာပိုဒ်များ ပါရှိပါက စာရေးသူထံ စာပေတိုက်မှ တစ်ဆင့် မေးမြန်းစုံးစမ်းမည် ဆိုပါက ၀မ်းမြောက်စွာနှင့် ပြန်လည်ဖြေးရှင်းမည်ဖြစ်ပါသည်….” ဆိုတဲ့ စာပိုဒ် ပါဝင်ပေမယ့် အခုလို မြန်မာမှုတစ်ရပ်ကို တိမ်ကောသွားမှာစိုးလို့ ပြုစုရေးသားတဲ့ စာရေးသူကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစာအုပ်လေးကမြန်မာစာပေကို ချစ်မြတ်နိုး သူတွေ၊ မြန်မာ ဓလေ့တစ်ရပ်ကို သိရှိထားလိုသူတွေ၊ အကျွမ်းတ၀င်ရင်းနှီး နားလည်ထားလိုသူ အတွက် အသုံးတည့်စေပါလိမ့်မယ်။

We have 186 guests and no members online