အဏ္စ၀ါသုတေသနနှင့် ရေဘ၀ဲ၏ ထူးခြားသည့်အပြုအမူတွေ့ရှိမှု

RokStories - FP RokStories

Feature Image
သြစတြေးလျနိုင်ငံမှ သိပ္ပံနှင့် သုတေသနပညာရှင်းများက အင်ဒိုနီးရှားရေပိုင်နက်မှ ရေဘ၀ဲလေးများသည် ပင်လယ်ပြင်အောက်တွင် အုန်းမှုတ်ခွံကိုစုဆောင်းလျက် ၄င်းတို့၏ အကာအကွယ်အဖြစ် အသုံးပြုကြကြောင်း ထူဆန်းစွာ တွေ့ရှိကြသည်။ ရေအောက် တိရိစ္ဆာန်များ၏ ပထမဆုံးအမူအကျင့်တွေ့ရှိမှုလည်းဖြစ်သည်။ ရေအောက်မီတာ ၂၀ အနက်တွင် အုန်းမှုတ်ခွံထဲ၌စုဆောင်းနေထိုင်မှုဖြစ်ကြောင်း၊ အကာအကွယ်အဖြစ် အသုံးပြုခြင်းဖြစ်ကြောင်း ဓာတ်ပုံမှတ်တမ်းဖြင့် ဖော်ပြသည်။ ပြတိုက်ဇီဝကမ္မ္မ္မ္မ္မ ပညာရှင်များ၏ အပြောအရ များပြားလှသော ရေဘ၀ဲများ အုန်းမှုတ်ခွံထဲ၌ တွေ့ရှိရသည်ဆို၏။ သူတို့သည် တစ်ဆင့်ပြီးတစ်ဆင့် ခက်ခက်ခဲခဲဖြင့် အုန်မှုတ်ခွံကိုသယ်ဆောင်ရခြင်းဖြစ်ပေသည်။ အသုံးပြုပုံဆန်းကြယ်ပေရာ သာမန်အားဖြင့် တွေးဆနိုင်စရာပင်မရှိပေ။ ရေဘ၀ဲများ၏အသိဉာဏ်ရည်တစ်မျိုးပင်ဖြစ်သည်ဟု သုံးသပ်ပေသည်။
Ref: The Star : 16.12.2009