
ရေးသူအမည်- စစ်ကိုင်းဦးဘိုသင်း
စာမူခွင့်ပြုချက် - ၄၀၁၂၈၈၁၁၁၀
တန်ဖိုး - ၅၀၀၀ ကျပ်၊
ဖြန့်ချိရေး - ရာပြည့်စာပေ
စစ်ကိုင်းဦးဘိုသင်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခြင်းဖြစ်သည်။
“အော့နှလုံးနာဖွယ်ရာကောင်းသော ဘ၀တာကို ကျွန်ုပ်မှတ်သားမိသမျှ ရေးလိုက်ရတော့ပြီ။ အပိုမပါ၊ အလိုသာရှိပေမည်”ဟု စာရေးသူ စစ်ကိုင်း ဦးဘိုသင်းကိုယ်တိုင် အမှာတွင်ဆိုထားသော ဤကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်မှာ မြန်မာစာပေလောကအတွက် ထူးခြားသည့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် လည်းဖြစ်ပါသည်။
မိမိ၏အတ္ထုပ္ပတ္တိ ကိုရေးသားရာတွင် စစ်ကိုင်းဦးဘိုသင်းသည် ပျော့ကွက်၊ ညံ့ကွက်များကို ပွင့်လင်း ရိုးသားစွာ ရေးသားတင်ပြထားသည်ကိုတွေ့ရမည်။ ငယ်စဉ်ကတည်းက ထူးချွန်ခဲ့သော စစ်ကိုင်းဦးဘိုသင်းမှာ ကျောင်းဆရာ၊ ပညာအုပ်၊ လက်ထောက်အယ်ဒီတာ၊ စာရေးဆရာ စသည်ဖြင့် ဘ၀မျိုးကို ကျင်လည်ခဲ့သူ လည်းဖြစ်သည်။ ထို့ကြောင့် ယခုအတ္ထုပ္ပတ္တိစာအုပ်မှာ စစ်ကိုင်းဦးဘိုသင်း၏ ဘ၀ဇာတ်လမ်းကြောင်းသာမက ထိုခေတ်အချိန်ကမြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမားရေးအခြေအနေများကိုပါလေ့လာနိုင်မည့် စာအုပ်တစ်အုပ်လည်းဖြစ်သည်။
We have 187 guests and no members online